A-K mobile

A-K mobile

Tuesday, September 30, 2014

Huawei G730-U30 { G730+ } ကို မြန်မာစာ လွယ်လွယ်ကူကူ ထည့်ရအောင်

Huawei G730-U30 { G730+ } ကို မြန်မာစာ လွယ်လွယ်ကူကူ ထည့်ရအောင်

Wednesday, July 23, 2014
Huawei ကတော့ ထုတ်လဲ ထုတ်နိုင် လွန်းပါတယ်ဗျာ။ အခုလဲ G730 ကို + နဲ့ ထွက် လာပြန်ပြီ။ 
Android version ကတော့ 4.3 နဲ့ ထုတ်လုပ် ထားတာ တွေ့ရပါတယ်။ ဒီကောင်လေးကို ကျတော် ဒီနေ့ကြုံလို့ ကျတော် လုပ်လိုက်တဲ့ ပုံလေးကို ပြန်လည် တင်ပြ ပေးလိုက်ပါတယ်။ 
Root လုပ် တာကတော့ Android Root Tool ဆရာကြီးဖြစ်တဲ့ V-Root နဲ့ သာ လုပ်လိုက်ပါတယ်။
Font ထည့်တဲ့ အချိန်ကြတော့ နဲနဲစဥင်္းစားရပြီ။ ကျတော်လဲ အသစ်ဆိုတော့ သိပ်ပြီးလဲ မစမ်းရဲသေးဘူး။
C8816 တို့ မှာလိုမျိုး Font မကိုက်ပဲ Firmware ကျသွားမှာလဲ ကြောက်တယ်။ အဲဒါနဲ့ ကျတော်လဲ Customer ကို အားနာပြီး လုပ်စရာ အလုံးသစ်တွေလဲ ရှိတာကြောင့် Smart zawgyi pro bat file လေးနဲ့ ကစ်လိုက်တာ မြန်မာစာကို တစ်လုံးမှ အလွဲအမှား မရှိပဲ မှန်ကန်စွာ ရရှိခဲ့တာကြောင့် Post တစ်ခုအနေနဲ့ ရေးသား မျှဝေလိုက်တာပါ။
သိထားပြီးသား သူများအတွက်တော့ အပိုဖြစ်နေပေမဲ့ မသိသေးသူများ အတွက်တော့ နည်းလမ်းလေး တစ်ခု ဖြစ်ကောင်းဖြစ်မှာပါ။
စိတ်ရှည်ရှည် ဖတ်ပေးတဲ့ သူတွေ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ Smart zawgyi pro မရှိသေးလို့ လိုအပ်ရင်တော့
အောက်မှာ Download ရယူနိုင်ပါတယ် ခင်ဗျာ။ အားလုံးကို လေးစားလျက်ပါ။ အဆင်ပြေကြပါစေ။

Download Here

အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။
ref;MMAS
-------------------------------------- 

Friday, September 26, 2014

Gmail နဲ့ Facebook ကို ၁၀ မိနစ်အတွင်း အကောင့်သစ် တစ်ခုစီဖွင့်နည်း


Facebook အကောင့်သစ် တစ်ခုရအောင် ဖွင့်နည်းတွေကတော့ အများကြီးရှီပါတယ်။ ဒါပေမဲ့ အလွယ်အကူဆုံးနည်း အမြန်ဆန်ဆုံး ဖွင့်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ VPN တွေနဲ့ကျော် ဖွင့်ကြ တယ် … Inspect Element တွေနဲ့ Code တွေတောင်းကြတယ် … Pinger ကိုအသုံးပြုကြတယ် … Uptalk ကိုသုံးကြတယ် … Gmail နဲ့အဆင်မပြေရင် Yahoo, Outlook, Browser တွေလဲစုံလို့ပေါ့ဗျာ … အမျိုးမျိုးဖွင့် ကြတယ်ပေါ့ … အဲ့ဒါတွေကလဲ Code တွေက ပို့တစ်လှည့် မပို့တစ်လှည့်ဆိုတော့ မြန်မာ users တွေအတွက် တော်တော်လေး အခက်အခဲဖြစ်ပါတယ်။

Facebook အကောင့်ကို ဖွင့်လို့ရ သွားပြန်တော့လဲ ပြဿာနာက တစ်ခုထပ် တိုးလာတယ်ပေါ့ … Gmail နဲ့ပဲ အကောင့်ကို လိုချင်တာတို့ဘာတို့ …  ဟုတ်တော့လဲ ဟုတ်ပါတယ်။ တခြား mail နဲ့ဆို Android users တွေအတွက်က Play Store အသုံးပြုလို့မရပြန်ဘူး … Gmail အသစ်ပြန်ဖွင့်ရမှာမို့ အချိန်ကုန်စေပါတယ်။ Gmail ဖွင့်တဲ့နေရာမှာလဲ တစ်ခါတစ်လေ Phone နာပတ်တွေ တောင်းနေပြန်ရော … တစ်ခါတည်း Gmail ကို Phone နာပါတ် မတောင်းပဲ တန်းဖွင့်လို့ရတဲ့ အခါမျိုးရှီသလို ဖွင့်လို့မရတဲ့ အချိန်မျိုးလဲ ရှီလာပြန်ပါတယ်။ Pinger နဲ့ K7 ဖုန်းနာပတ်တွေကလည်း အလုပ်မလုပ်တော့ပါဘူး။ အဲ့ဒါကြောင့် PC, Laptop တွေနဲ့ အကောင့်တွေကို အမြန်ဆုံးဖွင့်နိုင်မဲ့ နည်းကိုစမ်းသပ်ရင်း ယခုလိုမျှဝေပြစ်ခဲ့ပါတယ်။

ကဲ အပြောလေးတွေလျော့ပြီး အလုပ်လေးနဲ့သတ်သေပြကြရအောင်ဗျာ …

PC, Laptop တွေကိုသုံးပြီး ဖုန်းနာပတ် မတောင်းပဲ Gmail ဖွင့်ချင်ရင်တော့ ကို အလုပ်လုပ်မဲ့ Browser ကို Cache တွေရှင်း history တွေရှင်းရမဲ့အပြင် မိမိအသုံးပြုမည့် PC မှ “ Windows+R ” ကို နှိပ်ပြီး Box တစ်ခုမှာ %appdata% လို့ရိုက်ထည့်လိုက်ပြီး မိမိအသုံးပြုမည့် Browers Folder ကိုရှာပြီး Shift+Del နဲ့ဖြတ်ပေးရပါမယ် ဆိုတာတွေလဲ လုပ်စရာမလိုတော့ပါဘူး … ဖြစ်ချင်ရာဖြစ်ပါစေ … မရရအောင်ဖွင့်မယ်ဗျာ … လိုအပ်ချက်လေးတွေ ဒေါင်းပြီးစလို့ရပါပြီ။

HeyWire (For Android) – Play Store,  Mediafire,  pcloud,  Ziddu

HeyWire (For iOS) – iTunes, pcloud

၁။ HeyWire နဲ့ textPlus ကို Download လုပ်ပြီး မိမိဖုန်းမှာ install ပြုလုပ်ထားပါ။

ဒီနေရာမှ နည်းနည်းထပ်ပြောချင်တာက HeyWire သည် Pinger, K7 တို့လိုမျိုး ယာယီဖုန်းနံပတ်ဖြစ်ပါ သည်။ textplus, uptalk နှင့်အခြားသော Social Network App များကဲ့လို့ ဖုန်းနာပတ်ကို အတည်တကြ ရယူလိုရင်တော့ Ph နံပတ်ကို ဝယ်ယူရပါလိမ့်မယ်။

၂။ မိမိဖုန်းမှ အင်တာနက်ကော်နက်ရှင်ကို ရယူပြီး HeyWire အကောင့် ပြုလုပ်ပါမည်။ HeyWire ၏ အားနည်းချက်မှာ HeyWire အကောင့်ပြုလုပ်၍ Login ဝင်သွားပြီးချိန်တွင် Logout ပြုလုပ်၍မရပါ။ Uninstall လုပ်ပြီး ပြန် install လုပ်လျှင်လည်း မိမိပြုလုပ်ခဲ့သော အကောင့်ကို ဝင်ခိုင်းပြီး အကောင့် သစ်ပြုလုပ်၍မရပါ။ ၃၁ အကြာမှ ပြန်လည်အကောင့်သစ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ကျနော်တို့ယခု HeyWire အကောင့်ကို စတင်ပြုလုပ်ပါမည်။

၃။ အောက်ပါပုံများမှ Step 3 တွင် ဤသို့ဖြည့်ပါ။

> First name, Last name မှ မိမိနှစ်သက်ရာဖြည့်နိုင်ပါသည်။

> Country နေရမှာတော့ UNITED STATES ကိုရွေးပါ။

> Male/Female ကတော့ ကြိုက်နှစ်သက်ရာရွေးပါ။ ဒါပေမဲ့ ၂ မျိုးပဲပါတယ်နော် …

> Month, Day, Year ကတော့ ကြိုက်နှစ်သက်ရာဖြည့်ပါ။

> Code နေရာမှာတော့ 959 ဟုရိုက်ထည့်ပေးပါ။

> Email ကတော့ မိမိစိတ်ထဲရှီရာသာရိုက်ထည့်လိုက်ပါ။



နောက်ဆုံး Step 6 အထိရောက်ရင်တော့ အောင်မြင်စွာ HeyWire အကောင့်လုပ်လို့ပြီးဆုံးပါပြီခဗျာ … ကဲဒါဆိုရင်တော့ Gmail စဖွင့်လို့ရပါပြီ။

၎။ Gmail အကောင့်ဖွင့်ရန် ဒီမှာ နှိပ်ပါ။ Link သို့ရောက်ရှီက မိမိ ကိုယ်ရေးရာဇဝင်များကို မေးထားသမျှကို ဖြည့်ပေးလိုက်ပါ။



ဖြည့်နေကြပုံစံလေး အတိုင်းပဲဖြည့်သွားလိုက်ပါ။ Mobile နေရာမှာ ဘာမှမထည့်ပဲ ကွပ်လပ်အတိုင်း ထားခဲ့လိုက်ပါ။ Your current email address မှာလဲ ဘာမှမထည့်ပါနဲ့။ Skip this verification ကို မ On မီပါစေနှင့်။ တခြားဟာတွေ ကတော့ ထုံးစံအတိုင်းဖြည့်ပေးလိုက်ပါ။ ပြီးရင်တော့ Next Step ပေါ့ဗျာ။ တစ်ခါတည်းနဲ့ Gmail တန်းပွင့်သွားတယ်ဆိုရင်တော့ users ခဗျား ဒီနေ့ ဘုရား ရှစ်ခိုးထားလို့ပဲဖြစ် ပါလိမ့်မယ် …

ဖုန်းနာပတ်တောင်းရင်တော့ HeyWire က Phone နာပတ်လေးထည့်ပေးလိုက်ပါ။ ခဗျား ဖုန်းနာပတ်ကို ရိုက်ပြီးလို့ Code send လို့နှိပ်လိုက်တာနဲ့ HeyWire ထဲမှာ Code နာပတ်လေးရောက်နေမှာ အသေ အချာပါပဲ … ခဗျားလာကြည့်တာနောက်ကြနေပါပြီ …

အိုခေ … ဒါဆို Gmail ရပြီပေါ့ …




၅။ Gmail ရပြီဆိုတော့ Facebook ဖွင့်ဖို့ ဒီမှာ နှိပ်ပါ။ Facebook Sign Up နေရာကိုမြင်တွေ့နေရပြီ ဆိုရင်တော့ အကောင့်လုပ်ဖို့မေးထားတဲ့ အချက် (၇) ချက်ကို ဖြည့်ပေးလိုက်ပါ။ သေချာတာကတော့ Lock တန်းကြသွားမှာပါ။ စိတ်မပူပါနဲ့ … ဖုန်းနာပတ် တောင်းလာမဲ့ အဆင့်ထိရောက်အောင် သွားလိုက် ပါ။ ဖုန်းနာပတ်တောင်းလာရင်တော့ ထုံးစံအတိုင်း HeyWire ကိုအကူညီတောင်းလိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။ Code ရောက်ပြီလားလို့သွားကြည့်တဲ့ ခဗျားတောင် နောက်ကြနေပါလိမ့် မယ်။


textPlus, Talkatone, Pinger, Upptalk တို့မှာ ဖုန်းနာပတ်တစ်ခုကို Facebook အကောင့် ၂ ခု အထိ လက်ခံပြီး Code ပြန်ပို့လေ့ရှီပေမဲ့ Gmail အတွက်တော့ Support မလုပ်တာတွေ့ရပါတယ်။ textPlus, Talkatone, Pinger, Upptalk တို့နှင့်မတူညီသော HeyWire ရဲ့ ဖုန်းနာပတ်ဟာ Gmail ရော Facebook မှာပါ အထောက်အကူပြုပြီး ဖုန်းနာပတ်တစ်ခုကို Gmail အကောင့်တစ်ခု Facebook အကောင့်တစ်ခုသာ လက်ခံနိုင်စွမ်းရှီပါတယ်ခဗျာ …


HeyWire, နှင့် အကောင့်ဖွင့်ပြီးလို့ အကောင့်ထပ်ဖွင့်ချင်ရင်တော့ textPlus, Talkatone နှင့်ဖွင့်နိုင် ပါတယ်။

textPlus (For Android) – Download

textPlus (For iOS) – Download

Talkatone (For Android) – Download

Talkatone (For iOS) – Download

ဖတ်ရှုပေးသော ညီအစ်ကိုမောင်နှမများအား ကျေးဇူးတင်ပါတယ်ခဗျာ …

Sharing – Thaw Tar
ref; commaspace.com