A-K mobile

A-K mobile

Wednesday, October 15, 2014

Huawei ALL MTK SP FlashTools Firmware (38) ဖိုင်. Collection

Huawei MTK SP Flash Tools Firmware လေးတွေ ညီအကိုတို.တစုတဝေးထဲ တနေရာထဲမှာ ဒေါင်းရအဆင်ပြေအောင် usersifile ကနေ တော်တော်များများပြန်တင်ပေးထားပါတယ်။ Credit ကတော.အကုန်လုံးပေးထားပါတယ် Credit To All                             READ HERE

Tuesday, October 14, 2014

Y511-T00 and U-00 Firmware နှင့် တင်နည်းများ

Y511 ဖုန်းတွေမှာ မြန်မာစာအဆင်မပြေတာကြောင့်
မြန်မာစာစမ်းရင်း Firmware ပြန်မတက်တာတွေ ကြုံတာများနေကြပါပြီ…
အခု စီးရီးနှစ်ခုလုံးအတွက် လိုအပ်တဲ့ ဖိုင်တွေနဲ့ တင်နည်းတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်…

T00 အတွက်ပါ
လိုအပ်တဲ့ဖိုင်လေးတွေကို အရင်ဒေါင်းလိုက်ပါ။
Y511-T00 Firmware Link
Huawei Original Firmware Link
ဒေါင်းလို့ပြီးပြီဆိုရင် ရလာတဲ့ rar ဖိုင်ကိုဖြည်လိုက်ပါ။
folder ဒါတစ်ခုရပါမယ်.. အဲ့ folder ကိုထပ်ဖွင့်လိုက်ပါ။
အထဲက dload ဆိုတဲ့ folder ကို ကော်ပီယူပြီး format ရိုက်ထားတဲ့ sd ကဒ်ထဲကို ကူးထဲ့လိုက်ပါ။
Huawei တွေတင်နေကျ ပုံမှန်အတိုင်း vol up + vol down + power သုံးခုကိုနှိပ်ထားပေးလိုက်ပါ။
သူ့ဟာသူ update လုပ်သွားပါလိမ့်မယ်...ပြီးသွားပြီရင် auto restart ကျပြီး ပြန်တက်လာရင်ရပါပြီ။
တစ်ကယ်လို့ အဲ့ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင် recovery ကနေ ၀င်တင်ပါ။
Recovery ၀င်ဖို့ကတော့ power ကို ခဏဖိထားပါ...
တစ်ချက် တုန်သွားပြီဆိုရင် လွှတ်ပြီး vol up + vol down နှစ်ခုကို တပြိုင်နက်နှိပ်ပေးပါ။
recovery ကိုဝင်သွားပါလိမ့်မယ်...recovery ကနေ update zip from sd card ကနေ သွင်းပါ။

U00 အတွက်ပါ
လိုအပ်တဲ့ဖိုင်တွေကို အောက်မှာဒေါင်းပါ။
Y511-U00 Firmwares Link
HUAWEI_Y511-U00_XSJZB_ydss_by_ZX ကိုပဲရွေးဒေါင်းပါ..
ဖိုင်ကိုဒေါင်းပြီးရင် rar ဖြည်လိုက်ပါ။ ရလာတဲ့ folder ထဲမှာ spflash tool folder ရယ်၊
driver folder ရယ်ပါပြီးသားပါ။ driver သိအောင်အရင် install လုပ်ပါ။
ဖုန်းကို battery ဖြုတ်ပြီးကြိုးထိုးလိုက်ပါ။ found new hardware ... run ပါလိမ့်မယ်။
driver သိပြီးသားဆို သူ့ဟာသူ တက်သွားမယ်။ မသိသေးဘူးဆိုရင်
ဒေါင်းထားတဲ့ folder ထဲက driver ဖိုင်ကို device manager ကနေလမ်းကြောင်းပေးပြီး တင်ပေးလိုက်ပါ။
ပြီးသွားရင် ဖုန်းကို ခဏပြန်ဖြုတ်ထားပါ...
sp flash tool ကို run ပါ....Scatter-Loading ကိုနှိပ်ပါ။
ပြီးရင် ဒေါင်းထားတဲ့..folder ထဲက MT6572_Android_scatter_emmc.txt ဖိုင်ကို ရွေးပေးလိုက်ပါ။
Firmware Upgrade ကိုနှိပ်လိုက်ပါ။ နှိပ်ပြီးပြီဆိုရင် ဖုန်းကို battery ဖြုတ်ထားတဲ့အတိုင်း
ကြိုးထိုးပေးလိုက်ပါ။ အောက်က ဘားတန်းလေးမှာ အလုပ်လုပ်နေတာတွေ့ပါလိမ့်မယ်။
နည်းနည်းကြာပါတယ်... တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားတာကို စောင့်ပေးပါ။
နောက်ဆုံး ဘောက်လေးနဲ့ အစိမ်း ၀လုံးပုံလေးပေါ်လာမှပြီးမှာပါ။
အစိမ်းရောင် ၀လုံးလေးပေါ်လာပြီဆိုရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ။ ဒီ firmware က root ပါပြီးသားပါ။
အခုနောက်ထွက်တဲ့ MMAS Smart Zawgyi v1.3 နဲ့ အဆင်ပြေပါတယ်...
မရှိရင် တစ်ခါတည်း ဒေါင်းသွားနိုင်ပါတယ်... အားလုံးပဲ အဆင်ပြေကြပါစေဗျာ..

Credit to - MPx Team

Monday, October 13, 2014

Coolpad 7232 Flashtool Firmware
~~~~~~~~~~~~~~~~~~~~~~~~~~~~
Coolpad 7232 အတွက် Flashtool Firmware ကို Error တစ်စုံတစ်ရာ တက်လို့ Firmware ပြန်ရေးချင်တဲ့
သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆိုင်သမားတွေကတော့ ဆောင်ထားတာ မမှားပါဘူးဗျာ။
အလိုရှိတဲ့သူတော့ ရယူထားလိုက်ပါ။

http://www.myanmarmobileapp.com/2014/07/17/coolpad-7232-flashtool-firmware/
Coolpad 7232 Flashtool Firmware 0 By Ko Htoo on July 17, 2014 · Android ROMCoolpad 7232 အတွက် Flashtool Firmware ကို Error တစ်စုံတစ်ရာ တက်လို့ Firmware ပြန်ရေးချင်တဲ့သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။...
                               Credit : myanmarmobileapp.com
Coolpad 7060 Firmware တွင် NV Fail ပြသူများနှင့် Firmware တင်ပြီး recovery ပဲဝင်နေသည့်အလုံးများတွက် အဆင်ပြေစေမယ့် Firmware ပါ။


မြန်မာစာ နှင့် ကီးဘုတ်ပါဝင်ပီးသားပါခင်ဗျာ

Google Drive Download

Dropbox Link


MiloShare

Mediafire Download Link

pCloud

RAPIDGATOR Link


Credit : MPX team

Sunday, October 12, 2014

Huawei G610-U00 ကို SP Flash Tool သုံးပြီး Firmware တင်နည်း

Written By Htet Aung Moe on Friday, December 20, 2013 | 3:44 PM

 
Post By Hein Maung (MMAS Mobile Service Training Team)

အားလုံး သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ G610-U00 က MTK အလုံးပါ အဲ့တော့ firmware ကို dload > update.app နဲ့မှ တင်လို့မရတော့ဘူးဆိုရင် နောက်တစ်နည်းအနေနဲ့ sp flash tool နဲ့တင်လို့ရပါတယ် ။ အရင်က အဲ့လိုတင်ဖို့ဆိုရင် volcano box နဲ့ backup အရင်ယူပြီးမှ တင်ရပါတယ် အခု မလိုတော့ပါဘူး G610-U00 မှာ update.app ကို ခွဲထုတ်လိုက်တာနဲ့ ဖိုင် တစ်ခု ချင်းဆီ ကျလာမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ extractor ကို ဒီမှာဒေါင်းပါ ။ XDA ကနေ မလာတာပါ ။
Download Here
ပြီးရင် အဲ့ကောင်လေးကို ဖွင့်လိုက်ပါ။ update file ဆိုတဲ့ စာတန်း အနောက်ဆုံးနားမှာက open box ပါ။ ကျွန်တော်တို့ ခွဲချင်တဲ့ G610-U00 update.app ကိုရွေးပေးလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
1
ပြီးရင်တော့ right click နှိပ်ပြီး extract all ဆိုတာကိုရွေးလိုက်ပါ ။
2
dialog box တစ်ခုကျလာပါလိမ့်မယ် ။ အောက်နားမှာ make a new folder ရှိပါတယ် folder အသစ်ဆောက်ပြီး extract လုပ်လိုက်ပါ။
3
2
ပြီးရင် sp flash tool ကိုဖွင့်ပါ ။ scatter_emmc.txt file တစ်ခု ကြိုက်ရာတစ်ခုကိုရွေးပေးပါ။
3
ကျွန်တော်တော့ T8833 ရဲ့  scatter_emmc.txt file လေးကိုရွေးပေးလိုက်ပါတယ်။
3
ပြီးရင် file တစ်ခုချင်းဆီ အစားပြန်ထိုးပါမယ်။ recovery ဖြည့်မယ်ဆိုရင် recovery ကို double click နှိပ်ပါပြီးရင် ခုနက ဖြည်ထားတဲ့ file ထဲက recovery ကိုရွေးပေးပါ။
3
ပုံမှန်အတိုင်းကတော့ ဖိုင်လေးခုဖြည့်ပေးလိုက်ရင်ကို တင်လို့ရပါပီ ၊ boot.img , recovery.img , Logo , Android တို့ပါ။ Android နေရာမှာ system.img ကိုထည့်ပေးရမှပါ။ ပြီးရင် download လုပ်ပြီးတင်နိုင်ပါပြီ ။
2
3
ကဲ အဆင်ပြေကြပါစေဗျာ။ ကျွန်တော်တစ်ယောက်တည်းရဲ့  စိတ်ကူးတော့မဟုတ်ပါဘူးဗျာ ။ ကိုငလူ တို့  ကိုသက်နိုင်စိုး တို့ရဲ့  စိတ်ကူးလေးတွေလည်းပါပါတယ်။ ဒီနည်းလမ်းလေးက ။
:)
Credit-MMAS

G610-U00 တွေအတွက် stock recovery ပြန်ရအောင်လုပ်နည်း

Written By Htet Aung Moe on Sunday, January 26, 2014 | 1:36 PM


G610-U00 တွေမှာ Custom recovery တင်ထားရင် Official Firmware {UPDATE.APP}
ပြန်တင်တဲ့အချိန် Fail ဖြစ်နေတတ်ပါတယ် ..
ဆိုလိုတာက Custom Recovery သွင်းထားရင် Official firmware ပြန်တင်လို.မရပါဘူး
ကျနော်တို. ဘာလုပ်မလဲ? Flash Tool နဲ့ Stock recovery ပြန်သွင်းရပါတယ်
နည်းနည်းလေး အလုပ်ရှုပ်တာပေါ.နော် ခု… အခွံနွှာပီးသား နပေါသီးလေး ပေါ.နော်
Custom recovery ကနေ ခုပေးတဲ့ zip file ကို Install လုပ်လိုက်ပါ
Stock recovery ပြန်ဖြစ်သွားပါမယ် ခင်ဗျားဖြစ်ချင်တာကို အထိရောက်ဆုံးအမြန်ဆုံး
ဖြေရှင်းပေးမယ့် zip file လေးတစ်ခုပါ။အောက်မှာရယူနိုင်ပါတယ်။
Credit to:Ko Phyo Nyinyi(MPPG)

Thursday, October 2, 2014

Android Lost နဲ့ ကိုယ့်ဖုန်းကို Online ကတဆင့် စိတ်ကြိုက်ထိန်းချုပ်နိုင်ဖို့။



ကိုယ်ပိုင် G mail Account တစ်ခုနဲ့  (AndroidLost.apk) File လေးရှိရင် သုံးလို့ရပါပြီ။

Android OS သုံးပြီး၊ Internet Connection ရှိတဲ့ Mobile Device အားလုံးအတွက် တော်တော်လေး အသုံးဝင်မယ့် Application တစ်ခုပါ။

ကိုယ့်ဖုန်းမပျောက်ရင်တောင်  ကိုယ့်မိသားစုအတွင်းကလူတွေ အချင်းချင်းအတွက်ဖြစ်ဖြစ်၊ ကလေးတစ်ယောက်ရဲ့ လုံခြုံရေးအတွက်ပဲဖြစ်ဖြစ် အတွေးကောင်းရင်ကောင်းသလောက်  အသုံးဝင်မှာပါ။

App ထုတ်လုပ်သူရဲ့ အဓိကရည်ရွယ်ချက်ကတော့ မိမိ Phone, Device ပျောက်ဆုံးသွားခဲ့လျှင် အလွယ်တကူ ပြန်ဆက်သွယ် ပြန်ရှာနိုင်အောင်၊ မိမိလက်ထဲပြန်မရောက်မီအချိန်အထိ ကမ္ဘာ့ဘယ်နေရာ မှာရှိနေသလဲ အစရှိတဲ့ လုံခြုံရေးစနစ်တွေများကြီး ပါတယ်။

ကိုယ်ပိုင် G mail Account တစ်ခုနဲ့  (AndroidLost.apk) File လေးရှိရင် သုံးလို့ရပါပြီ။

ဒီ App လေးကိုသုံးရင် ပြုလုပ်ထိန်းချုပ်နိုင်မယ့် Function တွေကတော့ -



Read SMS'es
နောက်ထပ်နောက်ထပ် ကိုယ့်ဆီဝင်လာမယ့် mail/message များကို online မှတဆင့်ဖတ်နိုင်ခြင်း။
Remote control alarm
Online မှ မိမိသတ်မှတ်သော အသံအတိုင်း ဖုန်းတွင် စိတ်ကြိုက်ကြာမြင့်ချိန်သတ်မှတ်ပြီး alarm  မည်စေခြင်း။
View on map
မိမိဖုန်းမည်သည့်နေရာတွင်ရှိနေသည်ကို online  မှရှာဖွေနိုင်ခြင်း၊ မြေပုံဖြင့်ပြန်လည်ဖေါ်ပြခြင်း။
Send SMS'es from your PC
မိမိဖုန်းဆီသို့  Online မှ Message ပို့နိုင်ခြင်း။
Lock the phone
ဖုန်းအား  Lock ချထားနိုင်ခြင်း။
Wipe the phone
ဖုန်းထဲတွင်ရှိနေသည့် မိမိ၏ကိုယ်ရေးကိုယ်တာ အချက်အလက် အစရှိသည်များကို ဖျက်ခြင်း(သို့) စိတ်ကြိုက်စီမံနိုင်ခြင်း။
Pop up messages on the phone
တဖက်တွင် မိမိ၏ဖုန်းအား မည်သို့သောပုံစံဖြင့်အသုံးပြုနေသည်ဖြစ်စေ ၄င်းလက်ရှိသုံးနေသော မြင်ကွင်းကို ပျောက်ကွယ်စေပြီး၊ မိမိပို့သော Message သာဖေါ်ပြစေခြင်း။
Forward your calls
မိမိဖုန်း၏တည်နေရာကို  သိရှိပြီးနောက်  ၄င်းတည်နေရာအနီးရှိ အခြားဖုန်းများကို ဖြစ်စေ၊ မည်သည့်ဖုန်း နံပါတ်ကိုဖြစ်စေ Online မှခေါ်ဆိုနိုင်ခြင်း။
No battery use
အမျိုးမျိုးသော  လုပ်ဆောင်မှုများကို  ပြုလုပ်ရာတွင် မိမိဖုန်း၏ Battery အားကို လုံးဝအသုံးမပြုခြင်း။
No pre installation required
မိမိ၏ဖုန်းတွင် Android Lost App  ကိုကြိုတင် Install ပြုလုပ်ထားခြင်းမရှိသည့်တိုင်၊  Google App Store မှတစ်ဆင့် မိမိဖုန်းထံသို့ Message ပို့ရုံဖြင့် Install ပြုလုပ်နိုင်ခြင်း။
Read status
မိမိဖုန်းတစ်ခုလုံး၏  System  ပိုင်းဆိုင်ရာအခြေနေအားလုံးကို Online  မှ စစ်ဆေးနိုင်ခြင်း။














SMS commands
You can set up a phonenumber which can control you phone, i.e. start the alarm by sending an SMS to your phone.

Erase SD card
Click a button and your SD card will be erased! Very useful if you have some naughty pictures on your sd card.

SIM card changed
When the SIM card is changed an email will be sent to the owner of the phone.

Hidden SMS
When the phone receives an SMS it plays a sound and displays an icon in the notification bar. But if it starts with androidlost it will not play any sound and not display any notification.

Call list
A list of incomming and outgoing calls will be sent to you.

Camera
မိမိဖုန်း၏ Camera မှတဆင့် မြင်တွေ့နိုင်သော မြင်ကွင်းများအားလုံးကို Online မှဓါတ်ပုံရိုက်ရယူနိုင်ခြင်း။

Tablets
AndroidLost also works on tablets. The call functions will obviously fail if the tablet have no phone installed.

Text to speech
You can make your phone speak out load. Suppose you have lost it on a café then you can make the phone say: 'I am lost - please pick me up!'

Multiple phones on the same account
G mail Account  တစ်ခုတည်းဖြင့် ဖုန်းအများအပြားကို ထိန်းချုပ်နိုင်ခြင်း။

Browse content
You can browse the content on the phone directly from the webpage. So if you phone is stolen you can still download your holiday pictures or erase them remotely.

သုံးစွဲရန်
ဒါကိုသုံးဖို့အတွက် လိုအပ်မှာက Androidlost App နဲ့ G mail Account တစ်ခုပဲလိုပါတယ်။
ဖုန်းရဲ့ G talk App ကနေ ထိန်းချုပ်ဖို့အတွက်သုံးမည့် G mail Account ကိုသုံးပြီး Log in  ၀င်ပေးပါ။
Android Lost ကို ဒီမှာ Download  ယူပြီး Install ပြုလုပ်ပါ ။
ဖုန်းရဲ့  Application Menu  မှတဆင့်  Android Lost  ကိုဖွင့်ပါ။
Request Administrator Right  ခလုတ်ကိုနှိပ်ပြီး ခွင့်ပြုပေးလိုက်ပါ။


 ပြီးလျှင်  Activate ကိုနှိပ်ပါ။
Back Button ကိုနှိပ်ပြီး Exit ပြုလုပ်လိုက်လျှင် ဖုန်းတွင်ပြုလုပ်ရမည့် ကိစ္စပြီးပါပြီ။

အောက်ပါ Link တွင် ဖုန်းတွင်သုံးထားသော Account ဖြင့် Log In ၀င်ပြီး၊ မိမိဖုန်းအားစိတ်ကြိုက်  ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။
Android Lost Web Site အားဝင်ရောက်အသုံးပြုရန်။
 Android Lost Site  ရဲ့ အပေါ်ဖက် Menu မှာ Guide ရှိပါတယ်။ ကျွန်တော်ရှင်းပြတာထက် ပိုပြည့်စုံပါလိမ့်မယ်။

မှတ်ချက်။   ။ မိမိဖုန်းပျောက်ဆုံးမှုကို ကာကွယ်လိုသူများအနေဖြင့် အောက်ပါအချက်များကို ကြိုတင်သတ်မှတ်ထားရန် လိုအပ်ပါသည်။

Using Password  for  (To Open SD Card, On/Off  Data Connection,  Screen Lock)
မိမိကိုယ်တိုင်ခွင့်ပြုထည့်သွင်းထားခြင်းမရှိပဲ Android  Lost Application ဖုန်းထဲတွင်ရှိနေပါက Uninstall ပြီးမှ  အထက်ပါနည်းလမ်းများအတိုင်း ပြန်လည်ထည့်သွင်းအသုံးပြုပါ။

ဒါပေမယ့် သိသူတွေက  မသိသူတွေကို  ဒီနည်းလမ်းသုံးပြီး  စိတ်ညစ်အောင်တော့ မစကြ  မနောက်ကြပါနဲ့ဗျာ။

                                           Credit: Android လုလင်

G730-U00 Build Number နောက်ဆုံး 151 Root & Myanmar Font & Keyboard သွင်းနည်း

G730-U00 Build Number နောက်ဆုံး 151 Vroot မတိုးသူများအတွက်
Myanmar,Root,Keyboard တစ်ခါထဲထည့်သွင်းပေးမည့် Boot Img လေး
လုပ်ပေးလိုက်ပါတယ်။ အစကတော့ အစီအစဉ်မရှိပါဘူး။ အချို့က အဆင်မပြေကျပါလို့ပါ။
ဒါလေးကို SP Flash Tool ကနေ သွင်းလိုက်ရင်ရပါပြီ။
သွင်းပြီးလို့ ဖုန်းပြန်တက်လာလာခြင်း မြန်မာစာတွေလွဲနေရင် ရိုးရိုး Restart
ချပေးပါ။
Boot Img ကို ဒီမှာဒေါင်းပါ။
http://d-h.st/Tit
SP Flash Tool ကို ဒီမှာဒေါင်းပါ။
http://d-h.st/RVp
                   
                                         Credit: Android လုလင်

Wednesday, October 1, 2014

ဘာလာလာ Unlock လုပ်ပေးမယ့် Huawei Unlocker

ဘာလာလာ Unlock လုပ်ပေးမယ့် Huawei Unlocker
Huawei ဖုန်းတွေမှာ Network တိုင် 1x ပဲတက်ပြီး 3g မတက်ဖြစ်နေတာတွေ ၊ Block 5 မှားရေးမိလို့ သုံးရောင်ခြယ်တက်တာတွေ ကိုဖြေရှင်းပေးနိုင်မယ့် Huawei Unlocker Tool ဖြစ်ပါတယ်။ Huawei ဖုန်းတွေကို Click တစ်ချက်နှိပ်ရုံနဲ့ Network Unlock/Relock ရမယ်။ Official နည်းဖြစ်တဲ့အတွက် Error ကင်းမယ်။ 1x ပဲတက်ပြီး 3g မပေါ်တာတွေမဖြစ်သလို ဖုန်းပျက်မှာလဲမစိုးရိမ်ရတော့ပါဘူး။ ဒီ Tool လေးကိုရေးသားထားသူကတော့ Developer ကိုကျော်စွာသွင် ဖြစ်ပါတယ်။ Huawei Unlocker ကိုအောက်က link မှာရယူနိုင်ပါတယ်။
                                           
                                      Credit : Android လုလင်+ကိုကျော်စွာသွင်

Huawei G6-C00 ကို Root, Network Unlock and Myanmar font ကို bat file နဲ့



Huawei G6-C00 ကို  Root, Network Unlock and Myanmar font အတွက် bat file

နဲ့ အလွယ်တကူလုပ်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံးတော့ Bootloader unlock code တောင်းရပါမယ်။

Bootloader unlock code ကို >>> ဒီကနေ <<< တောင်းလိုက်ပါ။

SN တို့ IMEI တို့ကို Phone ရဲ့ အနောက်မှာပါတဲ့ စာလုံးများနှင့်တောင်းပါ။

လုံးဝ ရပါတယ် ... မြန်လဲမြန်ပါတယ်။

Unlock code ရပြီဆိုရင်တော့ လိုအပ်တာလေးကို.......


                                          




Phone ကို USBDebugging ကို on , Unknow Source ကို on ပြီး PC (Computer)


နဲ့ Connect လုပ်လိုက်ပါ။

ပြီးရင်တော့ bat file မှာ ပါတဲ့နံပါတ်တွေအတိုင်း မိမိနှစ်သက်သလို အသုံးပြုနိုင်ပါပြီ။

ဒီ bat file ကို ပြုလုပ်ဖန်တီးသူကတော့ Developer ကိုရဲကြီး ပါ။

~~~~~~~~~~~~~~~~~~~~~~~~~



Credit : ကိုရဲကြီး

Huawei G 610-U00 Safe Mode Error ကိုဖြေရှင်းနည်း



Huawei G 610-U00 Safe Mode Error ကို ကျွန်တော် ဖြည်နိုင်ခဲ့တဲ့ နည်းလမ်းလေးကို ပြောပြချင်လို့ပါဗျာ သိပြီးတဲ့အကိုတွေ ကျော်ဖတ်လိုက်ပါနော် …မသိသေးတဲ့ အကို ညီများအတွက်ပါ …ကိုယ်တွေ ဖြေရှင်းခဲ့တဲ့ နည်းလေးမို့လို့ တင်ပေးလိုက်တာပါဗျာ
၁ ဒီ error က Vol – ကြောင့်ဖြစ်တာပါ …..နောက်ဆုံး ဖန်းဝဲ ပြန်တင်တာတောင် Safe Mode နဲ့ ပဲ ပြန်တက်လာပါတယ် ….အဲဒါနဲ့ ဟိုမေးဒီမေးဟိုကြည့်ဒီကြည့် နဲ့ပဲ Safe Mode ပျောက်သွားတာပါ
pw & vol – တွဲနှိပ်ရင် new ..safemode old…risk ဆိုပေါ်လာတာကိုတွေ့ရမှာပါ
ဆိုတော့ ၁ ဘတ်ထွီဖြုတ်လိုက်ပါ
၂ ပြန်တပ်ပြီးပါဝါဖွင့် W 3G ဆိုပေါ်လာခဲ့ရင် vol – လေးဖိထားလိုက်ပါ …..နောက်ဆုံးlock screen ရောက်သွားခဲ့ရင် safe mode ပျောက်သွားတာကိုတွေ့ရမှာပါ …..
ကျနော်စမ်းသပ်အောင်မြင် ပြီးဖြစ်တဲ့အတွက် သေခြာသလောက်ပါပဲဗျာ။
                                         Credit : Android လုလင်

Huawei Honor 3C ကို Root လုပ်နည်း



Huawei Honor 3C ကို Root လုပ်ရန်အခက်အခဲဖြစ်နေသူများအတွက်

ကျတော့်ရထားတာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လုပ်ပုံလုပ်နည်းလေးက နှစ်ခုရှိပါတယ်။

အရင်ဆုံးလိုအပ်တာလေးတွေ ဒေါင်းလိုက်ပါ။


                                   







ဒေါင်းပြီးပြီဆိုရင် စကြတာပေါ့ ☺

Boot file နှစ်ခုရှိပါတယ်။

1. ပထမပေးထားတဲ့ Honor3C_Insecure_Boot က Custom Recovery သဘောမျိုးပါ။

အဲဒီကောင်လေးကို ပေးထားတဲ့ SP Flash Tool လေးကိုဖွင့်ပြီး Boot ရွေးတဲ့နေရာမှာ 

အဲဒီကောင်လေးကို ထည့်ပြီး Flash ပေးလိုက်ပါ။

Flash ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ Root Tool နဲ့ Root နိုင်ပါပြီ။


2. ဒုတိယပေးထားတဲ့ Honorc 3C Super Boot ကတော့ တစ်ခါထဲ Root ဖောက်

Myanmar Font ထည့်နိုင်တဲ့ Boot file ပါ။

ဒီကောင်ကိုလဲ သုံးမယ်ဆို SP Flash Tool လေးနဲ့ပဲ သုံးရမှာ ဖြစ်ပါတယ်။



ပထမ Boot file ကတော့ ကိုဝင်းကမ္ဘာကျော် upload လုပ်ထားတာလေးပါ။

ဒုတိယ Boot file ကတော့ ကိုဖြိုးချမ်း ရဲ့ Boot file လို့ သိရပါတယ်။



Credit : ကိုဝင်းကမ္ဘာကျော် နဲ့ ကိုဖြိုးချမ်း